Tuesday, June 18, 2019

Image result for java

Java ဆိုတာဘာလဲ?


    Java ဆိုတာကတော့ Programming  Language  တွေအများကြီးထဲမှာမှ အခြေခံကြဆုံးလို့ပြောလို့ရပါတယ်။ Java ကို 1991 မှာ Sun Microsystem က James Gosling ဦးဆောင်တဲ့ "Green Team" Group ကနေ Java ကိုစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ 2010 မှာ Oracle က၀ယ်ယူခဲ့ပါတယ်။ Java ဟာ High-level Programming Language အမျိုးအစားဖြစ်ပြီးတော့ Object-Oriented Programming Language (OOP) အမျိုးအစားဖြစ်ပြီး Devices ပေါင်း သန်း 30 ကျော်မှာအသုံးပြုနေပါတယ်။

Java ဘယ်လိုအလုပ်လုပ်သလဲ?


    Java ကိုဘာလို့ High-level Language လို့ခေါ်တာလဲဆိုတော့ သူ့မှာ ရေးရတာလွယ်ကူတယ်၊ ရိုးရှင်းတယ်။ ဆိုလိုတာက လူးသားတွေနားလည်လွယ်တဲ့အကြောင့်ဖြစ်ပါတယ်။ဒီ Programming တွေရေးဖို့အတွက် ကျတော်တို့ဟာ Machine language 10 01 တွေသိစရာမလိုပါဘူး။ သို့သြော် High-level language နဲ့ရေးထားတဲ့ကုဒ်တွေကို Computer ပေါ်မှာ တိုက်ရိုက် Run လို့မရပါဘူး။ ကျတော်တို့ရေးလိုက်တဲ့ကုဒ်တွေ .java file ကို Java Compiler ကနေ Byte Code တွေပါတဲ့ Class file အဖြစ်ပြောင်းပြီး Java Virtual Machine ပေါ်မှာ လိုအပ်တွေပြင်ဆင်မှု့တွေလုပ်ပြီးမှ Computer ရဲ့ CPU ပေါ်မှာ Run ရပါတယ်။ အောက်ကပုံကိုကြည့်ရင် သဘောပေါက်မယ်ထင်ပါတယ်။


ဘာလို့ Java ကိုအသုံးများကြသလဲ?

  1. Java programming language ဟာ တစ်ကြိမ်ရေးရုံနဲ့ Operation System တိုင်းမှာအလုပ်ပါတယ်။ ဆိုလိုတာကတော့ Window မှာရေးထားတဲ့ Java code တွေဟာ Mac, Linux နဲ့ Ubuntu အစရှိတဲ့ Operation System တွေမှာ ပြန်ရေးစရာမလိုပဲ Java Virtual Machine (JVM) install လုပ်ထားရုံ Run နိုင်ပါတယ်။ ထို့ကြောင့် Java Language ကို Write Once, Run Anywhere (WORA) လို့ သမုတ်ကြပါတယ်။
  2. စပြီး Developed လုပ်ခဲ့တဲ့ ချိန်ကစပြီး ခုချိန်ထိတိုင်အောင် ပေါ်ပြူလာဖြစ်နေဆဲပါပဲ။
  3. တခြား Language တွေနဲ့ယှဉ်ကြည့်ရင် သင်ယူရတာ လွယ်ပါတယ် ရိုးရှင်းပါတယ်။
  4. Java Language ဟာ Open Sources ဖြစ်ပြီး Free ဖြစ်ပါတယ်။
  5. Security ပိုင်းအရ လုံခြုံမှု့ရှိပါတယ်၊ မြန်ဆန်ပြီးတော့၊ Powerful ဖြစ်ပါတယ်။
  6. Community ကျယ်ဝန်းပြီးတော့ Developer ပေါင်း ၁၀ သန်းကျော်ရှိပါတယ်။






No comments:

Post a Comment